

Cursor Hackathon Myanmar
The First-Ever AI-Driven Hackathon in Myanmar
Join us for a historic day of innovation! Organized by the Cursor, AI Hackathon Myanmar is for students, creators, professionals, and entrepreneurs to turn ideas into reality using AI-native tools.
This is for Dev and Non-Dev people. No coding expertise required. everyone is a builder here.
A Hybrid Experience
To ensure opportunities reach talent across the nation, we are hosting a Hybrid Hackathon:
In-Person (uab bank tech hub in Yangon): 120 participants for an immersive, face-to-face collaborative experience.
Remote (Nationwide): 80 participants joining digitally from across the country to participate.
Participation
You can work solo or in teams of up to 4.
Who Should Attend?
If you can dream it, you can build it. Innovation knows no bounds—open to all, regardless of age or gender.
The "Build-During-Event" Rule
The spirit of this hackathon is to create and collaborate in real-time. To ensure fairness, all projects must be developed during the event. While you may arrive with research, ideas, and plans, the actual "building" must take place on the hackathon day.
Perks for Every Participant
Cursor: Credits to power your build
Mobbin: 3 months of Pro subscription
n8n: 3 months of subscription
ElevenLabs: 1 month of Creator tier for voice and audio generation
and More (TBA)
Winning Prizes: Over $1,000 in tools, subscriptions and exclusive merch
No worries, We’ve got you covered with all-day food, drink and essential resources
Agenda
09:00 - Doors Open & Registration
10:00 - Kickoff: Intro to Cursor & Partners
11:00 ~ 17:00 - Fun Build Time
17:30 - Project Submissions Close
18:00 - Live Demos & Pitches
19:30 - Judges feedbacks & Awards
20:00 - Wrap up & Networking
Global Sponsors
Cursor
Mobbin
n8n
ElevenLabs
Wispr Flow
Netlify
Local Sponsor
uab Bank
LOMTech
More sponsors to be announced soon.
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော AI-Driven Hackathon
ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ အပြောင်းအလဲတစ်ခု ဖန်တီးမယ့် ဒီနေ့ရက်မှာ အတူတူ ပါဝင်လိုက်ရအောင်။
AI Hackathon Myanmar ကို Cursor ကနေ ဦးစီးကျင်းပသွားမှာဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ Creator တွေ၊ Professional တွေနဲ့ လုပ်ငန်းရှင်တွေ မည်သူမဆို ပါဝင်နိုင်ပါတယ်။ AI-native tools တွေကို အသုံးပြုပြီး မိမိတို့ရဲ့ အိုင်ဒီယာတွေကို လက်တွေ့အကောင်အထည်ဖော်ရမယ့် ပွဲကောင်းတစ်ပွဲပါ။
💡 အရေးကြီးဆုံးအချက်က လူတိုင်းပါဝင်လို့ရတာပဲဖြစ်ပါတယ်။Coding အတွေ့အကြုံ လုံးဝမလိုပါဘူး။ ဒီပွဲမှာ လူတိုင်းက Builder တွေ ဖြစ်ပါတယ်။
Hybrid Experience (လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကနေဖြစ်စေ ပါဝင်နိုင်ခြင်း)
မြန်မာပြည်အနှံ့က Talent တွေဆီ အခွင့်အရေးတွေ အရောက်လှမ်းနိုင်ဖို့အတွက် အခုလို Hybrid ပုံစံမျိုးနဲ့ စီစဉ်ပေးထားပါတယ်။
In-Person (ရန်ကုန်မြို့ uab Bank Office Tower ): လူဦးရေ ၁၂၀ အထိ ပါဝင်နိုင်ပြီး အတူတကွ ပူးပေါင်းဖန်တီးမှု အတွေ့အကြုံကို အပြည့်အဝ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
Remote (တစ်နိုင်ငံလုံးအတိုင်းအတာ): လူဦးရေ ၈၀ အထိ ပါဝင်နိုင်ပြီး မြန်မာပြည်အနှံ့ ဘယ်နေရာကမဆို Online ကနေ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်မှု စည်းမျဉ်း
တစ်ဦးတည်း Solo ဖြစ်စေ၊ အများဆုံး ၄ ဦးအထိ ပါဝင်တဲ့ Team လိုက်ဖြစ်စေ ယှဉ်ပြိုင်နိုင်ပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
"စိတ်ကူးရှိရင် ဘာမဆို ဖန်တီးနိုင်တယ်" ဆိုတဲ့အတိုင်း ဆန်းသစ်တီထွင်ချင်စိတ် ရှိသူတိုင်းအတွက်ပါ။ အသက်အရွယ်၊ ကျား/မ မရွေး မည်သူမဆို တက်ရောက်နိုင်ပါတယ်။
"Build-During-Event" (ပွဲတွင်းကာလအတွင်းသာ ဖန်တီးရန်) စည်းမျဥ်း
ဒီ Hackathon ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သတ်မှတ်အချိန်အတွင်းမှာ အတူတကွ လက်တွေ့ပူးပေါင်း ဖန်တီးကြဖို့ ဖြစ်ပါတယ်။ မျှတမှုရှိစေဖို့အတွက် Project အားလုံးကို ပွဲကျင်းပနေစဉ်အတွင်းမှာပဲ အစအဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေ၊ အိုင်ဒီယာတွေနဲ့ Plan တွေကို ကြိုတင်ပြင်ဆင်လာနိုင်ပေမယ့် လက်တွေ့ "တည်ဆောက်ခြင်း (Building)" ကိုတော့ Hackathon နေ့မှာပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ပါဝင်သူတိုင်းအတွက် အထူးခံစားခွင့်များ (Perks)
Cursor: Project ဖန်တီးမှုမှာ အသုံးပြုနိုင်မယ့် Credits များ
Mobbin: ၃ လစာ Pro Subscription
n8n: ၃ လစာ Subscription
ElevenLabs: Voice နှင့် Audio ဖန်တီးမှုတွေအတွက် ၁ လစာ Creator tier
...နှင့် အခြားခံစားခွင့်များစွာ (ထပ်မံကြေညာပေးသွားပါဦးမယ်)
🏆 ဆုကြေးများ: ဒေါ်လာ 1,000 ကျော် တန်ဖိုးရှိတဲ့ Tools များ၊ Subscriptions များနှင့် Exclusive Merch (အမှတ်တရလက်ဆောင်) များ
🍔 F&B: ပွဲကျင်းပစဉ်အတွင်း တစ်နေ့တာလုံးအတွက် အစားအသောက်၊ အအေးနဲ့ လိုအပ်မယ့် မရှိမဖြစ် Resource တွေကို အခမဲ့ စီစဉ်ပေးထားမှာပါ။
⏰ ပွဲစဉ်အစီအစဉ် (Agenda)
09:00 - Registration & Door Open
10:00 - Kickoff: Intro to Cursor & Partners
11:00 ~ 17:00 - Fun Build Time
17:30 - Project Submissions Close
18:00 - Live Demos & Pitches
19:30 - Judges Feedbacks & Awards
20:00 - Wrap up & Networking
🤝 Sponsors
Global Sponsors: Cursor | Mobbin | n8n | ElevenLabs | Wispr Flow | Netlify
Local Sponsors: uab Bank | LOMTech
(နောက်ထပ် Sponsor တွေကိုလည်း မကြာမီ ထပ်မံကြေညာပေးသွားပါမယ်။)