

Cafe Cursor Yangon
Café Cursor Yangon @ uab Cafe မှာ အတူတူဆုံကြမယ် ☕
လာမယ့် June လ (21) ရက်နေ့မှာ Cursor Myanmar ရဲ့ Café Cursor ကို ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲလေးဟာ Developer တွေအပြင်၊ AI နည်းပညာကို အသုံးပြုပြီး Code ရေးရတာ စိတ်ဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်တဲ့ ပွဲလေးဖြစ်ပါတယ်။ မိမိ သိချင်တာတွေကို လွတ်လပ်စွာ မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ဖန်တီးထားတဲ့ Project တွေကို မျှဝေချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Community ထဲကသူတွေနဲ့ ရင်းရင်းနှီးနှီး လာရောက်နှုတ်ဆက်ချင်ရုံပဲ ဖြစ်ဖြစ် အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။
တက်ရောက်သူတွေ အဆင်ပြေစေဖို့ အချိန်အပိုင်းအခြား (၃) ခု ခွဲခြားပေးထားပါတယ်နော်။
Morning Session : 10:00 AM - 12:00 PM (Register ဖြည့်ရန် လိုအပ်ပါသည်)
Afternoon Session : 12:00 PM - 2:00 PM (Register ဖြည့်ရန် လိုအပ်ပါသည်)
Drop-In Session: 10:00 AM - 2:00 PM (အဆင်ပြေတဲ့အချိန် အချိန်မရွေး ဝင်ခဲ့ပြီး ကော်ဖီသောက်လို့ ရပါတယ်နော်။ Drop-in လာတဲ့သူတွေအတွက်တော့ အားနာစွာနဲ့ပဲ Credit မပါဝင်ပါဘူး။)
------------------------------------------
Cursor credits တွေကိုတော့ စာရင်းသွင်းထားပြီး ပွဲထဲမှာ တကယ်လက်တွေ့ Build လုပ်မယ့်သူတွေအတွက်ပဲ သီးသန့်ပေးသွားမှာပါ။
Register လုပ်ထားတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ Laptop နဲ့ Charger လေး ယူခဲ့ဖို့ မမေ့နဲ့နော်။
အေးအေးလူလူ ကော်ဖီသောက်ရင်း၊ နည်းပညာတွေအကြောင်း မျှဝေဆွေးနွေးဖို့အတွက် အခုပဲ Registration မှာ စာရင်းပေးသွင်းပြီး နေရာယူလိုက်ရအောင်။
အမိုက်စားတွေ အတူတူ ဖန်တီးဖို့ Café Cursor မှာ ဆုံကြမယ်နော်။
Café Cursor Yangon @uab Cafe! ☕
Hey friends! Cursor Myanmar is back this June 21st! 🎉
Whether you're a developer or just curious about AI coding, you're so welcome to join. It’s a warm, casual space to ask questions, share your projects, or just hang out and network.
Pick your favorite slot:
Morning Session: 10:00 AM - 12:00 PM (Need to Register)
Afternoon Session :12:00 PM - 2:00 PM (Need to Register)
Drop In Session: 10:00 AM - 2:00 PM (Drop by anytime and grab a coffee. Sorry to say that no credits for drop-ins)
Cursor credits are for registered people who actually built things on event.
Remember to bring your laptop and charger!
Don't miss out. Register now to save your spot, enjoy a warm cup of coffee, and talk tech with us. See you there! 🙌