

Cafe Cursor Yangon
လာမယ့် March (၁) ရက်နေ့ကျရင် Cafe Rio မှာ ကျွန်တော်တို့ 'Cursor နဲ့အတူ ပေါ့ပေါ့ပါးပါး Vibe ဖို့' စီစဉ်ထားပါတယ်။ မိတ်ဆွေက Expert တစ်ယောက်ပဲဖြစ်ဖြစ်၊ AI ကို စိတ်ဝင်စားသူပဲဖြစ်ဖြစ် Laptop လေးယူပြီး Cursor Community ထဲ လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်။
ဒီပွဲက ပြိုင်ပွဲတစ်ခု မဟုတ်သလို၊ အလုပ်ရုံဆွေးနွေးပွဲလည်း မဟုတ်ပါဘူး။ အားလုံးက ကိုယ်ဖန်တီးချင်တာကို Cursor သုံးပြီး စိတ်ကြိုက်အကောင်အထည်ဖော်နိုင်မယ့် Creative Space တစ်ခုပါ။ ကော်ဖီသောက်ရင်း "Vibe Coding" လုပ်နေတုန်း သိချင်တာတွေ၊ အကြံဉာဏ်ရယူလိုတာတွေကို ကျွန်တော်တို့ Team ကိုရော၊ ဘေးကလူတွေကိုပါ ရင်းရင်းနှီးနှီး တိုင်ပင် ဆွေးနွေးလို့ရပါတယ်။
အစီအစဉ်လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ
☕ Coding လုပ်နေချိန်အတွင်း ကော်ဖီကို ကျွန်တော်တို့ဘက်က treat ပါရစေ။
💳 လာရောက် Build တဲ့သူတွေအတွက် Cursor Credits တွေ လက်ဆောင်ပေးဦးမှာပါ။
💻 စိတ်အေးလက်အေး Vibe Code ရင်း မိတ်ဆွေသစ်တွေ တိုးဖို့ အကောင်းဆုံးနေရာပါ။
နှုတ်ဆက်ဖို့သက်သက်ပဲ လာချင်တာလား?
ကော်ဖီသောက်ရင်း စကားလာပြောချင်ရုံဆိုရင်တော့ Registration လုပ်စရာမလိုဘဲ ကြိုက်တဲ့အချိန် ဝင်လာခဲ့လိုက်ပါ။ တကယ်လို့ နေရာယူပြီး အလုပ်လုပ်မယ်၊ Code ရေးမယ်ဆိုရင်တော့ အခုပဲ Registration မှာ နေရာဦးထားပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းလိုက်ပါ။
အမိုက်စားတွေ အတူတူ ဖန်တီးကြရအောင်။
Cafe Cursor မှာ ဆုံကြမယ်နော်။
Join us at Cafe Cursor, Yangon!
On March 1st, we’re taking over Cafe Rio for a day of building with AI! Whether you’re a pro or just curious, come hang out, bring your laptop, and vibe with the Cursor community.
This isn’t a competition or a workshop. It’s just a chilled Creative Space. Bring an idea you’ve been wanting to work on and build it at your own pace. Whether you’re deep in a "Vibe Coding" session or just exploring, feel free to chat or ask questions with our team and the builders around you.
The setup is simple:
☕ Free coffee to keep you fueled.
💳 Free Cursor credits for everyone building.
💻 The perfect spot to get into the flow and ship code.
Just want to say hi?
Pop in anytime for a coffee and a chat—no registration required for casual drop-ins. If you’re planning to settle in and code, just register now and join us!
Let’s build together. See you there!